Before you buy: 2011 MINI Cooper S
2011 Mini Cooper S ကို ကြိုက်ရင် ဒီဇိုင်းကောင်းတဲ့ ကားလေးနဲ့ စတိုင်ကျတဲ့ မောင်းနှင်မှုကို ခံစားနိုင်မှာပါ။ ဒါပေမယ့် အချို့အရေးကြီးတဲ့ အားနည်းချက်အချို့တွေကို သတိထားရမှာပါ။
ပထမဦးဆုံး ကားလေးရဲ့ အတွင်းခန်းက နေရာကျဉ်းတဲ့အတွက် နောက်ထိုင်ခုံမှာ ခြေထောက်ချဖို့ နေရာနည်းပြီး အထုပ်ပစ္စည်းတွေ ထားဖို့လည်း နေရာအထိုက်အလျောက်မလုံလောက်ပါဘူး။ Sport လမ်းမောင်းစနစ်ကြောင့် လမ်းကြမ်းတွေမှာ အဆင်မပြေ ဖြစ်နိုင်ပါတယ်။ Mini Cooper S ကို ပြုပြင်ထိန်းသိမ်းဖို့ စရိတ်ကြီးပါတယ်၊ အပိုပစ္စည်းနဲ့ လုပ်ခက ကြီးပြီး turbocharged အင်ဂျင်က ပိုမို၍မကြာခဏ ပြုပြင်ဖို့လိုတတ်ပါတယ်။ ဓာတ်ဆီစားနှုံးကလည်းအတိုင်းအတာတခုထိရှိနေပါတယ်။အထူးသဖြင့် အမြန်နှုန်းမြင့်အောင် မောင်းနှင်ရင် ပိုစားတတ်ပါတယ်။ Blind spot မမြင်ကွယ်ရာတွေရှိတတ်တယ်၊နေက်ဘက်ကိုကြည့်လို့ရတဲ့နောက်ပြန်မှန်တွေကသေးတာကြောင့် အမြင်ကွယ်ရာတွေရှိတတ်တာကြောင့် အထူးဂရုစိုက်ဖို့လိုပါတယ်။
ဒါပေမယ့် Mini Cooper S က ကောင်းတဲ့အချက်လဲတွေလဲအများကြီးရှိပါတယ်။ Retro ဒီဇိုင်း၊ Compact size အရွယ်အစား၊ စက်ဝိုင်းပုံ headlight နဲ့ အနည်းငယ်ကွဲပြားတဲ့ အမိုးအရောင်တွေက သူ့ကို ထူးခြားပြီး တန်ဖိုးရှိစေပါတယ်။ Engine အောက်မှာ turbocharged 1.6-liter engine က 181 horsepower ကို ထုတ်ပေးပါတယ်။ ချောမွေ့တဲ့ Handling နဲ့ Precise steering က သူ့ကို မြို့တွင်းလမ်းတွေမှာ မောင်းရတာကို လွယ်ကူစေပါတယ်။ မောင်းနှင်ရတဲ့အရသာက လုံခြုံမူ၊ကျစ်လစ်တောင့်တင်းတဲ့အရသာ၊အတွင်းခန်းမှာလည်း ထူးခြားတဲ့ ဒီဇိုင်းအပိုင်းတွေ ဖြစ်တဲ့ retro-inspired dashboard နဲ့ toggle switches တို့ကို တွေ့မြင်ရမှာပါ။ ထို့အပြင် Mini တွေက မိမိစိတ်ကြိုက် ဒီဇိုင်းပြုပြင်ဖို့ လွယ်ကူစေတယ်။
လုံခြုံမှု အကြောင်းပြောရရင် 2011 Mini Cooper S က အရမ်းပြည့်စုံတယ်။ အချက်အချာတွေကတော့ anti-lock brakes (ABS), stability control နဲ့ side curtain airbags ပါဝင်တဲ့ airbags အများကြီးပါပါတယ်။ ကားရဲ့ တည်ငြိမ်မှုကောင်းမွန်ခြင်းနဲ့ အဆင့်မြင့် အင်ဂျင်နီယာပညာကြောင့် ကားတိုက်ခိုက်မှု စမ်းသပ်မှုမှာလည်း rating ကောင်းတွေရခဲ့ပါတယ်။
နောက်ဆုံး conclusion ကို ပြောရရင် Mini Cooper S က ပျော်စရာကောင်းပြီး စတိုင်ကျတဲ့ subcompact ကားတစ်စီးဖြစ်တယ်။ အတွင်းခန်း နေရာ နည်းနည်းကျဉ်းတာ နဲ့ ပြုပြင်ထိန်းသိမ်းမှု စရိတ်များတာတွေ အဆင်ပြေတယ်ဆိုရင်တော့ဝယ်ယူဖို့စဉ်းစားသင့်ပါတယ်။ ဘယ်ကားမဆို အားနည်းချက်တွေကရှိစမြဲမို့ အကောင်းဆုံးဖြစ်နိုင်တာလေးတွေတင်ပြလိုက်ရပါတယ်။
https://www.autoblog.com/buy/2011-MINI-Cooper/safety-ratings/
Crash test rating reference.