M O T E X
Blog Image

Before you buy: 2022 Toyota Corolla Cross

2022 Toyota Corolla Cross ဟာ compact SUV လေးဖြစ်ပြီး C-HR နဲ့ RAV4 ကြားမှာ ပါတယ်။ Touchscreen, Bluetooth, Apple CarPlay, နဲ့ Android Auto လည်းပါတာကြောင့် ဖုန်းနဲ့ချိတ်ပြီးကားမောင်းရတဲ့ experience ကတော့် ရှယ်ပဲပေါ့်နော်။ 

Corolla Cross မှာ Toyota Safety Sense 2.0, pre-collision system, lane departure alert program, steering assist, blind spot monitoring, rear cross-traffic alert, နဲ့ braking assist လည်း ပါဝင်တာကြောင့် မောင်းနှင်တဲ့အခါကြရင် အရမ်းကို လုံခြုံစေပါတယ်။

Corolla Cross ဟာ 169 horsepower ရှိပြီး 2.0-liter four-cylinder engine နဲ့ လည်ပတ်ပါတယ်။ lineup အားလုံးမှာ all-wheel drive ပါဝင်ပြီး LED မီးတွေကလည်း အရမ်း ခေတ်မှီပြီး လှပစေပါတယ်။ အဆင့်တိုင်းမှာ LED projector low- နဲ့ high-beams, automatic high beams, LED stop lights တွေ ပါပြီး XLE trim မှာ LED front signals, fog lights, နဲ့ daytime running lights ပါတယ်။

ထိုင်ခုံအခင်းကတော့ အရမ်းသက်သောင့်သက်သာဖြစ်ပြီး fabric နဲ့ SofTex ထိုင်ခုံတွေပါဝင်ပါတယ်။Smart key system နဲ့ push button start, heated side mirrors, auto-dimming rearview mirror, overhead console တို့လည်း ပါဝင်ပြီး အသုံးပြုရတာအရမ်းကို အဆင်ပြေပါတယ်။ 

ဒါပေမယ့် 2022 Toyota Corolla Cross မှာ အချို့ အချက်လက်တွေဟာချို့ယွင်းချက်တွေ ရှိပါတယ်။ Trim သုံးမျိုးပဲ ရရှိနိုင်တာကြောင့် တချို့ သူများအတွက် အဆင်မပြေပါဘူး။ အင်ဂျင်ရွေးချယ်မှုမှာလည်း အခြားမရှိဘဲ အခြေခံတဲ့ အင်ဂျင်တစ်ခုတည်းပဲ ရရှိနိုင်တာကြောင့် features နည်းနည်းသာ ပါရှိပါတယ်။ ဥပမာ ရှေ့ထိုင်ခုံအပူပေးမှု နဲ့ moonroof တို့ကလည်း တခုတည်းသော trim မှာပဲ ရရှိပါတယ်။

နောက်ဆုံးက Corolla Cross ၏ နောက်ထိုင်ခုံရဲ့ အကျယ်ဝန်းက ၃၂ လက်မသာရှိတာကြောင့် နောက်ထိုင်ခုံမှာ အရပ်ရှည်တဲ့လူတွေအတွက် အခက်ခဲရှိရင်ရှိနိုင်မှာပါ။ယာဉ်အတွက် performance ကိုလည်းလိုချင် ပြီးတော့ fuel efficiency ကို သက်သာ တာလဲလိုချင်သူတွေအတွက် အရမ်း မပြည့်စုံနိုင်ပါဘူး။